Amara Asian Mart
Road To Financial Freedom (ငွေကြေးလွတ်မြောက်သောဘ၀ဆီသို့)
Road To Financial Freedom (ငွေကြေးလွတ်မြောက်သောဘ၀ဆီသို့)
Couldn't load pickup availability
📈 Road To Financial Freedom
(ငွေကြေးလွတ်မြောက်သောဘ၀ဆီသို့)
Financial Freedom ဆိုတာ ခင်ဗျားအနေနဲ့ ငွေကြေးနဲ့ပတ်သက်ပြီးဘာမှ စိုးရိမ်ကြောင့်ကြစရာမလိုတော့ဘဲ ငွေရှာရခြင်းမှ လွတ်မြောက်သွားတာကိုပြောတာပါ။
ခင်ဗျားရဲ့အသုံးစရိတ်အတွက် လိုအပ်မယ့် ငွေပမာဏတစ်ခုဟာ အိပ်နေရင်တောင်မှ အလိုအလျောက်စီးဝင်နေတယ်ဆိုရင်ခင်ဗျား ဘာပူစရာလိုသေးလဲ။
ခင်ဗျားဘဝကို စိတ်ချမ်းချမ်းသာသာ အပူအပင်မရှိ ဖြတ်သန်းလို့ရပြီမဟုတ်လား။
Financial Freedom ဖြစ်ဖို့က ခင်ဗျား ဘယ်လိုနေထိုင်မှုပုံစံ (Life Style) ကို ရွေးချယ် မလဲဆိုတဲ့အပေါ်မူတည်ပြီး လိုအပ်တဲ့ငွေပမာဏလည်း ကွာခြားသွားမှာပါ
သူက တစ်ခုခုဝယ်ရတော့မယ်ဆိုရင် ဝယ်ရမယ့်ပစ္စည်းအတွက် ကုန်ကျမယ့်ငွေကို ပေးချေဖို့ ငွေရနိုင်မယ့်တစ်နေရာရာမှာ အရင်ရင်းနှီးမြှုပ်နှံလိုက်တယ်🫶။ ပြီးတော့မှ အဲဒီကရတဲ့ အမြတ်ငွေနဲ့ ပစ္စည်းကို ဝယ်တယ်တဲ့။👉👉 ဥပမာဗျာ ဒေါ်လာ လေးသောင်းတန် ကားတစ်စီးကို ဝယ်ချင်တယ်။ အဲဒီကားအတွက် အရစ်ကျနဲ့ လစဉ် ဒေါ်လာ တစ်ထောင်ပေးရမယ်ဆိုရင် အဲဒီကားကို မဝယ်ခင်မှာ တိုက်ခန်း တစ် ခန်းကို အရင်ဝယ်ပြီး အငှားချလိုက်တယ်တဲ့။ အဲဒီကရတဲ့ အိမ်ငှားခနဲ့ ကားဖိုးကို လစဉ် ပေးသွင်း သွားပြီး ကားဖိုးကြေသွားတဲ့အခါ တိုက်ခန်းကို အမြတ်နဲ့ပြန်ရောင်းလိုက်တယ်တဲ့။ အဲဒီတော့ ကားဝယ်ဖို့အတွက် ငွေတစ်ပြားမှမကုန်ဘဲ အလကားရလိုက်သလို ဖြစ်သွားတဲ့အပြင် အမြတ် တောင် ထွက်သွားသေးတာပေါ့👍👍
ကျွန်တော်တို့ ငွေသုံးပြီး ဝယ်လိုက်တဲ့အတွက် တစ်ခုခုရသွားတယ်လို့ ကျွန်တော်တို့က ထင်ကြတယ်။ တကယ်က ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှု လုပ်ရမယ့်အစား သုံးစွဲလိုက်ရတဲ့ အတွက် ရင်းနှီးမြှုပ်နှံမှုကြောင့် အမြတ်ငွေ ရနိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးသွားတာပဲ။ ဒါဟာ အနာဂတ်မှာ ကျွန်တော်တို့ လိုချင်တဲ့ငွေကြေးလွတ်မြောက်တဲ့ဘဝကို ရဖို့အတွက် အချိန်နဲ့ ငွေကြေးကိုပေးဆပ်လိုက်ရတာပဲ။
Road To Financial Freedom စာအုပ်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။
Financial Freedom နဲ့ ချမ်းသာကြွယ်၀မှု အိပ်မက်ရှိသူတွေ၊ ငွေကြေးဆိုင်ရာပူပန်မှုကင်းကင်းနဲ့ ကိုယ်လိုချင်တဲ့ လူနေမှုပုံစံနဲ့ဖြတ်သန်းချင်သူတွေ၊ ငွေရှာနည်း၊ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှုပညာကို လေ့လာလိုသူတွေအတွက် အထောက်အကူပြုမယ့်စာအုပ်ဖြစ်ပါတယ်။
https://amaramyanmarstore.com/products/road-to-financial-freedom
Share
